ပြန်တွေ့ရချိန်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာရှိနေဖို့ပဲ မျှော်လင့်ပါတယ်ဆိုတဲ့ ရွှေသမီး

ရွှေသမီးကတော့ မြန်မာဇာတ်လမ်းတွေမှာ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကို အခိုင်အမာရရှိထားသူလေး ဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားပြီး လှပတဲ့အသားအရည်ကြောင့် မိန်းကလေးချင်းတောင် ငေးကြည့်ချင်ရလောက်အောင် လှပသူလေး ဖြစ်ပါတယ်။

အနုပညာ ပျိုးခင်းကနေ ပျိုးထောင်ပေးလိုက်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ ရပြီးရပ်တည်နေပါပြီ။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ချည်” ဆိုတဲ့ဇာတ်လမ်းလေးမှာ အနုပညာမောင်နှမတွေဖြစ်တဲ့ နေတိုးနဲ့ သက်မွန်မြင့်တို့နဲ့ ပေါင်းပြီး သရုပ်ဆောင်ထားပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်တိုက်ရရှိလာတာ ဖြစ်ပါတယ်။

ရွှေသမီးက ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှု တွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်.။ခုလက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြားထဲမှာလည်း ရွေသမီးက ပြည်သူပရိသတ်တွေကို အလှူအတန်းတွေလုပ်ပြီးလည်း ရပ်တည်ပေးခဲ့ပါသေးတယ်။

လတ်တလောမှာတော့ ရွှေသမီးက သူ့ရဲ့ပရိသတ်တွေကို သတိရကြောင်းနဲ့ အခြေနေတွေအားလုံးတည်ငြိမ်လို့ ပြန့်တွေကျတဲ့အချိန်မှာ အားလုံး နေကောင်းကျန်းမာစွာရှိနေဖို့မျှော်လင့်နေကြောင်း သူ့မရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ မျှဝေဖော်ပြထားခဲ့ပါတယ်။ ”ပြန်တွေ့ရမဲ့အချိန်မှာ အားလုံးနေကောင်းကျန်းမာစွာရှိနေဖို့ဘဲမျှော်လင့်ပါတယ်” ဆိုပြီး ဖော်ပြထားခဲ့တာပါ။

ရွှေသမီးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ မင်းသမီးချောလေး ရွှေသမီးလည်း နေကောင်းကျန်းမာပြီး ဘေးအန္တရာယ်တွေ ကင်းဝေစေဖို့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ပြန်လည်ပြီး ပြောဆိုနေခဲ့ကြပါသေးတယ်။