ခရီးသွားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ဆိုပြီး ပေါက်တူးတစ်လက်နဲ့ ဆွမ်းခံကြွရင်း လမ်းဖောက်ပေးနေတဲ့ ဦးဇင်း

ဒီအဖြစ်အပျက်လေးကတော့ စစ်ကိုင်းတိုင်းတစ်နေရာလမ်းပေါ်မှာ သပိတ်တစ်လုံးနဲ့ ဆွမ်းချိုင့်ချထားတာကိုတွေ့ရပြီးအဲ့ဒီဘေးမှာတော့ ရဟန်းတစ်ပါးက သူဆွမ်းခံကြွနေချိန်မှာ မိုးရေနဲ့ လမ်းတွေပြိုကျနေတာကြောင့် ခရီးသွားတွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး ပေါက်တူးတစ်ချောင်းနဲ့ လမ်းပြင်နေခဲ့တဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ဘုန်းဘုန်းလမ်းပြင်တာကို မြင်သွားတဲ့ ဒကာတစ်ယောက်က ကားပေါ်ကဆင်းပြီး ဘုန်းဘုန်းကို လျှောက်တင်စရာရှိတာလျှောက်တင်ပြီးတော့ ဘုန်းဘုန်းက ဒကာကြီးကို မိန့်ခဲ့ပါတယ်။

“ဒကာကြီး၊ဦးဇင်းမျက်နှာပုံနှင့် ဘွဲ့ကို မတင်နဲ့နော် ” ဆိုပြီး မိန့်တော်မူပါတယ်။သံဃာတော်တွေအားလုံးဟာ ဒီလိုလုပ်တတ်ကြပါတယ်လို့ပဲ အမှတ်သညာပြုကြပါစေ တဲ့။စောစောက လမ်းမှာ အမှိုက်ရှင်းနေတဲ့ ကိုယ်တော်တစ်ပါးကိုလည်း ကိုယ်နဲ့အတူ ပါလာတဲ့ အဖွဲ့ဝင်တစ်ယောက်က ဝတ္ထုငွေဆင်းလှူတာကို “ဒကာမကြီး လှူချင်ရင် ရှေ့ဂိတ်နားကကျောင်းမှာပဲ သံဃာကို ရည်မှန်းပြီး လှူခဲ့လိုက်တော့တဲ့လို့ ဆိုပါတယ်။

ဘုရားသားတော်များဟာ သံသရာက လွတ်မြောက်တဲ့လမ်းကို ဖော်ထုတ်ပြသရုံသာမက ပကတိလောကမှာ ပိတ်ဆို့နေတဲ့ လမ်းတွေကိုပါ ဖြောင့်ဖြူးဖို့ ဝါယမစိုက်ထုတ်တော်မူကြတာပါလား ဆိုတဲ့ ကြည်ညိုစိတ်လေးကိုတော့ မျှဝေလိုက်ပါရစေလို့ ဖော်ပြထားတာကို တစ်ဆင့်မျှဝေပေးလိုက်ရပါတယ်။