မမ နဲ့ မောင်လေးလို့ သတင်းတွေ ထွက်နေတဲ့ မထက်နဲ့ သန်းပိုင်

မထက်ဟာ ဆိုရင်တော့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရထားတဲ့ မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်သလို မော်ဒယ်သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ မထက်က မကြာသေးမီ ကမှ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပို်င်ဆိုင်ထားတယ် ဆိုရင်လည်း မမှားပါဘူး။သန်းပိုင်ကတော့ ပြည်သူချစ် ဘောလုံးသမားတစ်ဦး ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာလည်း အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်ပါတယ်။

အခုတလော လူမှုကွန်ယက်တွေမှာပျံ့နှံနေတဲ့ ကောလာဟလတွေ အရတော့ ပရိသတ်တွေက မထက်နဲ့ သန်းပိုင်တို့ကို သို့လောသို့လော စိတ်ဝင်စားနေကြတယ် လို့ သိရပါတယ် ။ မထက်ဟာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လာရင် အင်မတန် သိုသို သိပ်သိပ် ရှိသူဖြစ်ပြီး ချစ်သူကိုပရိသတ်ကို ဘယ်တော့မှချမပြသူပါ။ ဒါပေမယ့်လည်း မကြာသေးမီက လူမှုကွန်ယက်ပေါ်က ပို့စ်တွေအရ သန်းပိုင်နဲ့ မထက်ကို ပရိသတ်တွေက စိတ်ဝင်စားနေကြ တာပါ။

မကြာသေးမီက မထက်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပို့စ်လေးတစ်ခု တင်ထားခဲ့ပြီး အဲဒီပို့စ်မှာ ချစ်သူက ဘောလုံးဝါသနာအိုး ဖြစ်ကြောင်း ပြောပြထားပါတယ်။ ဘောလုံးဝါသနာအိုး ဆိုတော့ မကြာခဏ ထိခိုက် ရှနာဒဏ်ရာရတာတွေလည်း ဖြစ်တတ်သလို အဲဒီလိုဖြစ်တတ် လို့လည်း မထက် သုံးနေကျ ဘီတာဒိုင်းကို လက်ဆောင် ပေးထားရတယ်လို့ ပြောထားပါတယ် ။

မထက်က သူမရဲ့ လူမှုကွန်ယက်မှာ “ချစ်သူက ဘောလုံးကန်တာ သိပ်ဝါသနာ ပါတာလေ သူ့လောက် ဒဏ်ရာရတာလဲ ပြောမနေနဲ့ သူ့လောက် ဂရုမစိုက်တာလဲ သူဘဲ ဆေးထည့်ပါလို့ ပြောရင်လဲ တွေ့ကရာတေ ဝယ်ထည့်တော့ အနာကရင်းရော အဲ့တော့ ကိုယ်ကဘဲ ကိုယ်အရင် ကတည်းက သုံးနေတဲ့ ဘီတာဒိုင်း လေးဝယ်ဆောင်ပေးထား ရတယ် ယူတို့ ကိုကိုမောင်မောင်တေလဲ ဘောလုံးကန်ဝါသနာအိုးတေဆို ဘီတာဒိုင်းလေးတော့ ဆောင်ထားကြနော်။ ( ချစ်သူ ဘယ်သူလဲ လာမမေးနဲ့ ပြောဖူး )” လို့ရေးသားထားတာ တွေ့ရပါတယ်။

ဘောလုံးသမားကောင်းဖြစ်သူ သန်းပိုင်ကလည်း မထက်နဲ့ မရှေးမနှောင်း ရက်အနည်းငယ် အကြာမှာပဲ သူ့ရဲ့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခု တင်ခဲ့ပြီး အဲဒီိပို့စ်မှာ သန်းပိုင်က ဘောလုံးကန်ရင်းနဲ့ ထိခိုက်ဒဏ်ရာတွေ ရတတ်ကြောင်းနဲ့ ဒဏ်ရာရရင်တွေ့တဲ့ ဆေးကောက်ထည့်လို့ စိုးရိမ်တကြီးနဲ့ မှာတဲ့လူက တွေ့ကရာဆေး မထည့်ဖို့ပြောပြီး သူသုံးနေကျ Betadine သုံးဖို့ မှာလိုက်တယ်လို့ ရေးသားထား ပါတယ်။“ကျွန်တော် ဘောလုံးကန်လို့ ထိခိုက်ဒဏ်ရာ ရတာနဲ့ အရင်ကတော့ တွေ့တဲ့ဆေး ကောက်ထည့်တာပဲ။ အခုတော့ မှာတဲ့လူ က တွေ့ကရာ ဆေးတွေ ကောက်မထည့်နဲ့။ သူသုံးနေကြ Betadine ပဲ သုံးတဲ့။ ဒီအတိုင်း ပြောရင် မမှတ်မိမှာ စိုးလို့။ လက်ဆောင်တောင် ပေးလိုက်သေးတယ်။ ” လို့ ပြောထားတာပါ။

မထက်နဲ့ သန်းပိုင်ပိုစ့်တွေကို အချိန်ကာလ သိပ်မခြားဘဲ တွေ့လိုက်တဲ့ ပရိသတ်တေကတော့ သူတို့နှစ်ယောက် ချစ်သူတေများ ဖြစ်နေကြပြီလား ဘယ်လို ပတ်သက်မှုတွေ ရှိနေပြီလဲလို့ တွေးနေကြပါတယ်။မထက်နဲ့ သန်းပိုင်ကို သဘောတူနေကြတဲ့ ပရိသတ်တွေလည်း တော်တော်များများ ရှိနေပြီး သူတို့နှစ်ယောက်ရဲ့ ပို့စ်တွေက တိုက်ဆိုင်တာဖြစ်မှာပါ လို့ ထင်တဲ့လူတွေလည်း ရှိနေပါတယ်။ ပရိသတ်ကြီးရော မထက်နဲ့ သန်းပိုင်ကို ချစ်ကြလား။ သူတို့နှစ်ယောက်တစ်ခုခု ပတ်သက်မှုရှိနေတယ် ဆိုရင် သဘောတူကြမှာလား။ ဒါမှမဟုတ် ပို့စ်တွေက ဒီတိုင်း တိုက်ဆိုင်သွားတာပါ လို့ ထင်ကြလား။ပြောခဲ့ကြပါဦး။

Credit-Nanmalgyi