ကျောင်းဆောက်ဖို့ ရန်ပုံငွေမလိုလောက်တာကြောင့် ဂူထဲမှာ စာသင်ကြားရတဲ့ကျောင်း

အခုတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က အဆန်းကြယ်ဆုံးသော စာသင်‌ကျောင်းတွေထဲက တစ်ကျောင်းပဲဖြစ်ပါတယ်။ အဲ့ကျောင်းကိုတော့ တရုတ်နိုင်ငံက လိုဏ်ဂူထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းလေးပါ။ ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပညာမတတ်ရင် စီးပွားရှာတဲ့ အရွယ်မှာ အတော်လေးကို ဒုက္ခဆင်းရဲ ရောက်ရပြီး ဝမ်းစာရှာဖွေတဲ့အခါမှာ ရုန်းကန်ရတတ်ပါတယ်။

ဒါ့ကြောင့် ပညာသင်တဲ့ အရွယ်မှာ ကြိုးကြိုးစားစား လေ့လာဆည်းပူးမှသာ မိမိတတ်ထားတဲ့ ပညာလေးနဲ့ ရှာဖွေစားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီစာသင်ကျောင်းလေးကတော့ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားလှတဲ့ နေရာလေးမှာ တည်ရှိနေတာ ဖြစ်ပြီး ကျောင်းဆောက်ဖို့ ရန်ပုံငွေ မရှိတာကြောင့် လိုဏ်ဂူထဲမှာပဲ အဖြစ်သဘောမျိုး တည်ဆောက်ပေးထားတဲ့ စာသင်ကျောင်း‌လေး ဖြစ်ပါတယ်။ ဒီကျောင်းက ကလေးတွေကတော့ လေးစားစရာပါပဲ။

စာသင်ကြားတဲ့ ကလေးတွေဟာ တောင်ပေါ်ဒေသက ရွာလေးတွေမှာ နေထိုင်ကြတာ ဖြစ်ပြီး တချို့ကလေးလေးတွေ ဆိုရင် ကျောင်းကိုလာဖို့အတွက် ၆နာရီလောက် လမ်းလျှောက်ခဲ့ရတယ်လို့ သိရပါတယ်။ ကျောင်းပညာရေးဆိုတာ တကယ်လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပြီး စနစ်တကျတက်ဖို့တော့ လိုအပ်ပါတယ်။ ဒီကလေးငယ်တွေကလည်း စာတက်ပြီး ပညာတက်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိရှိပြီး ခုလိုမျိုး ခက်ခက်ခဲခဲ သင်ယူနေကြတာပဲဖြစ်ပါတယ်။