နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့ရသည့်ညီညီအောင်ထက်နိုင်ရဲ့အမွှာအစ်ကို ကိုကိုအောင်ထက်နိုင်ကို မိခင်မှ အမွေပြတ်စွန့်လွှတ်

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့်ညီညီအောင်ထက်နိုင်ရဲ့အစ်ကို ကိုကိုအောင်ထက်နိုင်ကိုမိခင်မှအမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ၁၂ရက်နေ့က အစိုးရသတင်းစာထဲတွင်ကြေညာခဲ့ပါတယ်။ ကိုကိုအောင်ထက်နိုင်နှင့်ညီညီအောင်ထက်နိုင်တို့ဟာ အမွှာညီအစ်ကိုလေး များဖြစ်ပြီး ညီဖြစ်သူညီညီအောင်ထက်နိုင်ဟာလည်း နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

သတင်းစာထဲမှာ သားဖြစ်သူမောင်ကိုကိုအောင်ထက်နိုင်သည်မိဘတို့​၏ဆိုဆုံးမမှုကို နားမထောင်ဘဲ နေ့စဉ်နှင့်အမျှစိတ်ဆင်းရဲအောင်အမျိုးမျိုးပြုလုပ်​နေသည့်အတွက်သားအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပါသည်ဟုရေးသားဖော်ပြထားပါတယ်။

ကိုကိုအောင်ထက်နိုင်အနေနဲ့လည်းမိခင်ဖြစ်သူအမွေပြတ်စွန့်လွှတ်တဲ့ကိစ္စနှင့်ပတ်သတ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အခုလိုလေး စိတ်မကောင်းစွာပြောလာပါတယ်။

“သားကိုခွင့်လွှတ်ပါ…. အမေတို့စကားနားမထောင်ဘဲသားလမ်းကိုသားဆက်ရွေးခဲ့တာပါ….တောင်းပန်ပါတယ်အမေ🙏 အမေလည်းသားကြောင့်ခက်ခဲပင်ပန်းနေခဲ့ရပြီ🙏”

မိခင်ကြီးအနေနဲ့လည်း ကျန်ခဲ့တဲ့ အမွှာညီအစ်ကိုလေးထဲကတစ်ယောက်ကို အခုလိုအမွှေပြတ်စွန့်လွှတ်လိုက်ရတာဟာရွေးချယ်လို့မရတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။ပြည်သူတွေလည်း အမွှာညီအစ်ကိုလေးကိုကိုအောင်ထက်နိုင်နှင့်ညီညီအောင်ထက်နိုင်တို့အတွက်အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ်။