ဘယ်တုန်းကမှ သားဆီကမျှော်လင့်ချက်မထားခဲ့ပါဘူးဆိုပြီး ဆုံးရှုံးရတော့မယ့် အိမ်နဲ့ခြံကို ပြသလိုက်တဲ့ ပိုင်ဇေရဲထွန်း ဖခင်

ပိုင်ဇေရဲထွန်းဖခင်ဖြစ်သူ ဦးရဲထွန်းက သားဆီက ဘယ်တုန်းကမှ မျှော်လင့်ချက်မထားခဲ့ဘူးလို့ဆိုပါတယ်။ သားဖြစ်သူနဲ့ ဇနီးဖြစ်သူ ချွေးမတို့က ဖခင်ဖြစ်သူ ဦးရဲထွန်းတို့ ဇနီးမောင်နှံရဲ့ အိမ်ဂရန်ကို အခက်အခဲဖြစ်ချိန်မှာ ယူဆောင်ပြီးပေါင်ထားခဲ့ကြတာဖြစ်ပါတယ်။


ယခုအချိန်မှာတော့ ကမ္ဘောဇဘဏ်ရဲ့ တရားစွဲဆိုခြင်းကို အသက်(၇၀) ကျော်လင်မယားနှစ်ယောက် ရင်ဆိုင်နေရကြောင်း ယနေ့ ညနေပိုင်းက လူမှုကွန်ယက်ပေါ် တင်လိုက်ရာမှ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုအမျိုးမျိုးကို ခံနေကြရတာဖြစ်ပါတယ်။

ထိုကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ဇနီးဖြစ်သူ ဇင်သဲနိုင်ဟာ တုံ့ပြန်မှုတစုံတရာကိုရေးသားခဲ့ပေမယ့်လည်း တင်ပြီးမိနစ်ပိုင်းအတွင်းမှာပဲ ထိုစာကို ပြန်ဖျက်ခဲ့တာပါ။

ချွေးမဖြစ်သူ ဇင်သဲနိုင်ရေးသားထားတဲ့ အကြောင်းအရာကိုတော့ ဦးရဲထွန်းအနေနဲ့ မြင်တွေ့ခဲ့ရပြီးတော့ အိမ်ဂရန်ထုတ်ပေးခဲ့ခြင်းဟာ သားသမီးတွေ အခက်အခဲဖြစ်နေချိန်မှာ ကူညီခဲ့ခြင်းသက်သက်သာဖြစ်ပြီးတော့ သားဖြစ်သူပိုင်ဇေရဲထွန်းကို စဉ်းစားဖို့ ရေးသားပြောဆိုထားခဲ့တာတွေ့ရပါတယ်။

“သားတို့ အခက်အခဲဖြစ်နေချိန်အိမ်ဂရန်တွေကိုထုပ်ပေးခဲ့ပြီးကူညီခဲ့တယ်… သဲသဲရဲ့post တွေကိုတွေ့ရတယ်. .သားဖတိကြည့်စဉ်းစားပေါ့. .ဖေဖေတို့ ကဆုံးရှုံးရတော့မှာပါ. .သားတို့ ဆီကဘယ်တုန်းကမှမျော်လင့်ချက်မထားခဲ့ပါ. သဲသဲရဲ့post ကိုသေသေချာချာဖတ်ကြည့်ပါ.စဉ်းစားပါ.” လို့ ဖခင်ဖြစ်သူ ဦးရဲထွန်းက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ တင်ထားခဲ့တာပါ။


ဦးရဲထွန်းရေးသားထားသော အကြောင်းအရာများနှင့်အတူ ဆုံးရှုံးရတော့မယ့် အိမ်နှင့်ခြံ ကိုပါ တပါတည်းတွဲပြီးဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

Credit-We Love Cele