
ထူးခြားတဲ့အသံပါဝါနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ကလေးအစ လူကြီးအဆုံး ကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တစ်ဦးပါ၊ ဖြူဖြူကျော်သိန်းက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းကိုသာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေသူတစ်ဦးလဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလဲ နယ်ပယ်အသီးသီးမှာ အများအပြားရှိလို့နေပါတယ်။
ဖြူဖြူကျော်သိန်း လို့ ပြောလိုက်တာနဲ့ အားလုံး သိကြတဲ့ အတိုင်း သံစဉ်တွေကြားက ဂီတပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူ ဟာ မထင်မှတ်ဘဲ နိုင်ငံတော် က ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်ညစာစားပွဲ မှာ ဖြူဖြူ တစ်ယောက်ပါဝင်ဖျော်ဖြေခွင့် ရခဲ့ရုံသာမက နိုင်ငံတော်အတိုင်ပင်ခံရဲ့ ချီးကျူးခြင်း ကိုပါ ခံလိုက်ရပါတယ်။
ဖြူဖြူ ဟာ သေးသေးသွယ်သွယ်လေးဖြစ်ပေမယ့် အသံပါဝါကောင်းတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ် ။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ဖြူဖြူကျော်သိန်းရဲ့ အသံကို အလွတ်ကျက်မိနေပါတယ်တဲ့ ။ခရစ်စမတ် ညစာစားပွဲအပြီး မှာ နိုင်ငံတော် အတိုင်ပင်ခံအမေစုက “သမ္မတကြီးကပြောနေတယ် လူလေးကသေးသေးလေး အသံကြီးကသိပ်ကျယ်တာပဲ “လို့ ဖြူဖြူ့ကို တွေ့ချိန်မှာ ချီးမွန်းစကားဆိုခဲ့တာ ဖြစ်ပြီး ဒီဗီဒီယိုလေးကို ဖြူဖြူက ပြန်လည်မျှဝေခဲ့ပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နိုင်ငံတော် အတိုင်ပင်ခံ အမေစု ကိုယ်တိုင် ချီးကျူးလိုက်တဲ့ ဖြူဖြူ့ ကို ဂုဏ်ပြုစကားလေးပြောပေးလိုက်ကြပါနော်။
Video ကြည့်ရန်
Source – Diary of a Diva by Forever PPKT’s Fans