ပုပ္ပါးကို ရောက်တိုင်း လှူဖြစ်တဲ့ မျိုးမျိုးခိုင် ရဲ့အလှူ

ရုပ်ရှင် နဲ့ ဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။သူမက ဟာသ သရုပ်ဆောင်တစ်ဦးဆိုလည်း မမှားပါဘူး ။ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ လည်း ပရိသတ်တွေကို သူမရဲ့ပြောင်မြောက်တဲ့အနုပညာပြကွက်တွေနဲ့ဖမ်းစားနိုင်သလို ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်မျိုးမျိုးခိုင်ရဲ့ အမြဲလှူဖြစ်တဲ့ အလှူအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်မျိုးမျိုးခိုင်က ရိုက်ကူးရေးအတွက် ပုပ္ပားကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။သူမက ပုပ္ပားကိုရောက်တိုင်း မြောက်ကလေးတွေကို အစာကျွေးပြီး အလှူလုပ်လေ့ရှိပါတယ်တဲ့။ သူမရဲ့အလှူပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားပါတယ်။

ပုပ္ပားကိုရောက်တိုင်း အမြဲလှူဖြစ်နေတဲ့ ကုသိုလ်လေးပါ သူမကို အဝေးကနေ လှူခိုင်းတဲ့သူတွေရှိရင်လည်း လှူပေးဖြစ်တယ်။ကိုယ်တိုင်လည်း အမြဲလှူဖြစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင် မမျိုးမျိုးခိုင် ရဲ့ အလှူပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ရဲ့အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။