301.2 ပေါင်ကနေ 159.4ထိ ချပြီး Winner ဆုရရှိသွားတဲ့ မိုးယုစံမောင်လေး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ မိုးယုစံ ရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်း ထွန်းက အရမ်းကိုဝလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ အဝလွန်သူများ ယှဉ်ပြိုင်ရတဲ့ Lose2Win with Andy ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ပြီး ဝိတ်ချခဲ့ရာမှ ယခုအခါမှာတော့ ဝိတ်အချနိုင်ဆုံး Winner ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးယုစံ ရဲ့ မောင်လေး ဆန်းလင်းထွန်းရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်းလင်းထွန်း ရဲ့ ဝိတ်က 301. 2 ပေါင်ရှိခဲ့ပြီး လူငယ်ပီပီ Fashion ကျကျဝတ်စားရတာကို သဘောကျတဲ့ ဆန်းလင်းထွန်းက သူရဲ့ အ၀လွန်နေတဲ့ ခန္ဓာကိုယ်ကြောင့် အခက်ကြုံနေရသူပါ။ ဒါ့အပြင် ဆန်းလင်းထွန်းရဲ့နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက သူ့ကို Lose2Win with Andy ပြိုင်ပွဲမှာလာရောက်ယှဉ်ပြိုင်ဖြစ်ဖို့ တွန်းအားတွေ ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။

ဆန်းလင်းထွန်းအနေနဲ့ သူဖြစ်ချင်တဲ့ ခန္ဓာကိုယ်မျိုးရဖို့ အတိတ်ကအခက်အခဲတွေကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ပြီး အခြားပြိုင်ပွဲဝင်တွေကို စိန်ခေါ် ကာသူ့အိမ်မက်မက်ခဲ့ရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိပိုင်ဆိုင်သွားနိုင်ပြီပဲဖြစ်ပါတယ်။

အစ်မဖြစ်သူ မိုးယုက သူ့ရဲ့ မောင်လေး ရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကြောင့် ဂုဏ်ယူမဆုံး ဖြရ်နေတာပဲုဖစ်ပါတယ်။ Winner ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတဲ့ ဆန်းလင်းထွန်းက တော့ အရင်က ဖက်တီး ပုံစံနဲ့ လုံးဝကွဲလွဲပြီး အရမ်းကို စမတ်ကျတဲ့ Body ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Training ကာလ ၅လအတွင်း 301.2 ပေါင်ကနေ 159.4ထိကျသွားခဲ့တဲ့ ဆန်းလင်းထွန်းရဲ့ ပုံရိပ်ကလေး

သရုပ်ဆောင် မိုးယုစံရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်းထွန်းရဲ့ အရင်က ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် မိုးယုစံရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်းထွန်းရဲ့ ပုံရိပ်ကလေးတွေကို ကြည့်ပြီး အဝလွန်နေတဲ့ သူတွေအားငယ်စရာမလိုတော့ဘူးနော်။လုံးလဝရိယနဲ့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ် ဆိုတာ မိုယုရဲ့ မောင်လေး ဆန်းလင်းထွန်းကို ကြည့်ပြီး သိနိုင်ပါတယ်နော် ပရိသတ်ကြီး ။

Moekalay
Source;san lin tun’s facebook