နိုင်ငံခြားသားများ ဓာတ်ပုံတစ်ခါရိုက်လျှင် တစ်ထောင်ကျပ် လှူပေးရသော ဘုရား

ဓာတ်​ပုံ ရိုက်​တစ်​​ထောင်​ကျပ်

ဘုရား ကို ဓာတ်​ပုံ မရိုက်​ရပါဘူး ရိုက်​ရင်​တစ်​​ထောင်​ကျပ်​ လှူ ရပါတယ်​ လို့ ​ပြော​တော့ ငါးပိသံ​ရော ​သောဘုရားလူကြီး ရဲ့ အင်္ဂလိပ်​ စကား ကိုနိုင်​ငံခြားသား ကြီး က နားမလည်​ ပါ အကြိမ်​ကြိမ် ​ရှင်းပြ ​ငွေတစ်​​ထောင်​ကျပ်​ကို ​ထောင်​ပြပြီး​တောင်းတဲ့ အခါကြ မှာ ဪ ဘုရား ကို ဓာတ်​ပုံ ရိုက်​လို့ ​ငွေတစ်​​ထောင်​​ပေးရ မှာလားဒါဆို မရိုက်​​တော့ပါဘူးလို့ ​ပြော​အပြီး ကင်​မရာ သိမ်းလိုက်​​သော်​လည်း ဘုရားလူကြီးက ​လောဘတတ်​ပြီး နိုင်​ငံခြားသားတိုင်း​ပေးရတာဘဲ မ​ပေးချင်​ လာမလည်း နဲ့ လို့ မြန်​မာလို့ ​ပြော​သောစကားကို နိုင်​ငံခြားသားကြီး က အသိကျ နားမလည်း​ပေမဲ့ ကင်​မရာ အခွန်​မ​ဆောင်​သဖြင့်​ အပြစ်​​ပြော​နေတာကို ​တော့ သိပါတယ်​ အချိန်​ က မနက်​အ​စောကြီး ၄ နာရီ ခွဲ ​လောက်​ လူအများ ကုသိုလ်​ ပွား​နေချိန်

ဘုရား လူကြီး စကား​ကြောင့်​ ​ဘေး အနာ မှာ ရှိ​နေတဲ့ ကျွန်​​တော်​ က အဲ့​ငွေတစ်​​ထောင်​ကျပ်​ကို ငါကူညီပါရ​စေ လို့  နိုင်​ငံခြားသားကြီး ထံ ခွင့်​​တောင်းလိုက်​တဲ့ အခါကျွန်​​တော့်​ကို မင်းရဲ့ကူညီချင်​တဲ့ စိတ်​ကို ​လေးစားပါတယ်​ ဒါ​ပေမဲ့ ငါမလို အပ်​ဘူးမ​နေ့ ည​နေ က မန်း​တောင်​​ပေါ်တတ်​တယ်​ Entrance Tickets တစ်​​သောင်းကျပ်​ ဖြတ်​ပြီးတာ​တောင်​ မြန်​မာကျပ်​​ငွေတစ်​​ထောင်​ ကို ​တောင်​​ပေါ်ထိပ်​ က အပို ​ဆောင်​ရ​သေးတယ်

ကျောက်​၀ိုင်း သွားတယ်​ Entrance tickets တစ်​​သောင်းကျပ်​ ရှိတာ​တောင်​ Extra မြန်​မာ​ငွေ နှစ်​​ထော့င်​ငါးရာကျပ်​ ထပ်​​ပေးရတယ်​ အခုမနက်​ Maharmuni ဘုရားကို လာဖူးတယ်​ ဓာတ်​ပုံ ရိုက်​လို့  ​ငွေတစ်​​ထောင်​ကျပ်​ ပြန်​​တောင်းတယ်​ငါ လက်​မှတ်​ဖြတ်​ တုန်းက Mandalay All Inculde လို့ ​ပြောတာ အခု တာဝန်​ယူပြီး ​ဖြေရှင်း​ပေးမည့်​ သူ တစ်​​ယောက်​ မှ မရှိ ဘူးလို့ စိတ်​မ​ကောင်းစရာ ဘဲ

တစ်​ခြား ဘာသာများ ခရစ်​ရှန်​ , ဟိန္နူ , အစ်​စလန်​ , ဘုရား​ကျောင်းသွားလည်​ကြည့်​တယ်​အားလုံးကြိုဆိုကြတယ်​ ဘာသာ​ရေး အ​ကြောင်းပြပြီး အလှူ မခံဘူး လူချင်​တဲ့ စိတ်​ရှိ လျှင်​အလှူ ခံဗုံ မှာ လှူ လို့ ရတယ်​မြန်​မာပြည်​ မှာ နာမည်​ကြီး ဘုရား များ ဘုရား ကို ခု တုံးလုပ်​ပြီး လုပ်​စား​နေတဲ့လူ ​တွေ အများကြီး ဘဲလို့  စိတ်​မ​ကောင်းစွာ ဖြင့် bye bye လို့ နူတ်ဆက်ခွာကျွန်​​တော်​ ၏ အ​​ရှေ့  မှ တိုးရစ်ကြီး ထွက်သွား​​လေသတည်းဒီ လို မမှန်​ကန်​ ​သော လမ်းအသွယ်​သွယ်​ များ ​ကြောင့်​ Tourism ကြီး တိုးတတ်​ဖို့  ဆိုတာ ဟိုး အ​ဝေးကြီး မှာ ရှိ​နေဦးမှာပါ Tourism ​လောက ကြီးကို အမှန်​ တကယ်​ တိုးတက်ေ​စချင်​တဲ့ ​စေတနာဖြင့်​ တင်​ပြလိုက်​ပါသည်​ ခင်​ဗျာ !ကျွန်​​တော်​တင်​​သော post အတွက်​ တာဝန်​ယူပါသည်

လေးစားလျက်​ Credit-စိုးပိုင်​ပိုင်