လေယာဉ်ပေါ်က မထင်မှတ်တဲ့ အန္တရာယ်ရှိ လူသားများ

လေယာဉ်ပျံဆိုတာ တတ်နိုင်တဲ့လူတွေ စီးတဲ့အရာတစ်ခုလို့ လူတွေသိထားကြပါတယ်… အထူးသဖြင့် ဘတ်ဂျတ်လေကြောင်းလိုင်း မဟုတ်ရင် လတ်မှတ်ခတွေ ဈေးကြီးလေ့ ရှိကြပါတယ်ဒါပေမယ့် အဲဒီလို ဈေးကြီးတဲ့ လေကြောင်းလိုင်းတွေပေါ်မှာ မထင်မှတ်တဲ့ အန္တရာယ်လူသားတွေ ရှိနေပါတယ်… လေယာဉ်ခရီးသည်များ သတိထားနိုင်ဖို့ တင်ပြပါ့မယ်

ဒီနေ့ ကျနော့် ဟောင်ကောင်ဖလိုက်ပေါ်မှာ HK Arrival Card ဝေပြီးချိန် ခရီးသည်တစ်ဦးဟာ သူ့ခုံကထပြီး အပေါ်အကန့်ထဲမှာ ထည့်ထားတဲ့ အိတ်ကိုယူပါတယ်ကဒ်ဖြည့်ဖို့ ဘောပင်ရှာသလိုနဲ့ လွတ်နေတဲ့ နောက်ထိုင်ခုံဆီယူသွားပါတယ်… စိမ်ပြေနပြေ ရှာပြီးတဲ့နောက် အိတ်ထဲက ငွေအချို့ကို ထုတ်ယူရေတွက်ပြီး သူ့အိတ်ထဲ ထည့်ထားပါတယ်

ဒါကို အတွေ့အကြုံရှိတဲ့ လေယာဉ်မောင်က မသိမသာ ဓါတ်ပုံခိုးရိုက်လိုက်တယ်… သူ့ကို ဘာကူညီရမလဲလို့ သွားမေးတော့ အမူအရာပျက်နေတာနဲ့ လေယာဉ်မောင်လည်း ကိုယ်ယောင်ဖျောက်ပြီး စောင့်ကြည့်တဲ့အခါ အဲဒီလူက မယောင်မလည်နဲ့ ယူတဲ့နေရာကို သွားပြန်ထားလိုက်တယ်လေလေယာဉ်မောင်လည်း အိပ်ပျော်နေတဲ့သူတွေကို နှိုးမေးတော့ ပိုင်ရှင်ပေါ်လာပြီး ခုနက ပေါ်တင်သူခိုးကို ဖမ်းနိုင်လိုက်ပါတယ်

လေယာဉ်ဆင်းပြီး ဝမ်းသာအားရနဲ့ ကြိုမှာထားတဲ့ ရဲတွေလက်ကို အပ်တော့ သူခိုးက ခပ်ပြောင်ပြောင်နဲ့ စကားတွေ ဖေါင်ဖွဲ့နေလိုက်တာ မြင်မကောင်းဘူး… သူမဟုတ်သလိုနဲ့ရဲအရာရှိမကို မေးကြည့်တော့ ပိုင်ရှင်ကလည်း အမှုမဖွင့် ကြေအေးတယ်လို့ လက်မှတ်ထိုးပေးကြောင်း (အခြားနိုင်ငံကို ခရီးဆက်ရမယ့်သူတွေ အများစုက အလုပ်ရှုပ်မခံကြပါဘူး)၊ ဒီသူခိုးတွေဟာ ဒီလိုခရီးစဉ်တွေမှာ ကျင်လည်နေကြဖြစ်ကြောင်း၊ လေကြောင်းလိုင်းက အမှုဖွင့်ရင်လည်း အမှုတည်ဆောက်ချိန် ၉လအတွင်း ဒီဘက်နိုင်ငံကို တရားလာရင်ဆိုင်ဖို့ မလွယ်ကြောင်း၊ ဒီတော့ ဟောင်ကောင်ဥပဒေအရ လွှတ်ပေးရမှာဖြစ်ကြောင်း ရှင်းပြပါတော့တယ်

ဒီသူခိုးတွေဟာ လေယာဉ်ကောင်တာ Check In ကို စောဝင်လေ့ရှိပြီး မယောင်မလည်နဲ့ ကောင်တာနားက စောင့်ကြည့်နေလေ့ ရှိကြပါတယ်။ Check In လာဝင်တဲ့ သူတွေ ပတ်စ်ပို့ပြဖို့ အိတ်ဖွင့်တဲ့အခါ ပိုက်ဆံပါမပါ၊ ပတ်စ်ပို့အရောင်(အလုပ်ရှုပ်ခံမယ့်သူဟုတ်မဟုတ်) စသဖြင့် အကဲခတ်ပြီး သားကောင်ကို ရွေးချယ်လေ့ရှိပါတယ်… အများအားဖြင့် အဖွဲ့နဲ့ လှုပ်ရှားလေ့ရှိပါတယ်

ဒီတော့ ကျနော့်ခရီးသည်တွေ ဘေးကင်းစေဖို့….. (၁) ပိုက်ဆံကို လူမြင်အောင် ထုတ်မပြပါနဲ့ ၊(၂) အရေးကြီး တန်ဖိုးကြီးအရာတွေကို ကိုယ်နဲ့မကွာထားပါ၊ (၃) အိတ်ထဲမှာထည့်ထားပါက မိမိထိုင်ခုံ ခြေရင်းမှာထားပါ ၊ (၄) အိပ်ဖို့စိတ်ကူးရှိပါက အိတ်ကိုခြေနဲ့နင်းထားပါ ၊(၅) ပတ်စ်ပို့အရောင်ကို မခန့်မှန်းနိုင်အောင် ကာဗာစွပ်ထားပါ ၊ (၆) မသင်္ကာစရာလူတွေ့ပါက လေယာဉ်သားများနှင့် ပူးပေါင်း ဆောင်ရွက်ပါ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”❤️❤️❤️

Credit-Aung Po