အားလပ်ရက်တွေကို မိဘတွေအတွက် အချိန်ပေးခဲ့တဲ့ အေးမြတ်သူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူက မိမိရဲ့ အားလပ်ချိန်မှာ မိဘတွေကို အချိန်လေးပေးဖို့ပြောထားတဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ပြသတော့မှာပါ။

အေးမြတ်သူက ဒီတစ်ခါမှာတော့ သူ့ရဲ့ ပရိသတ်တွေကို အားလပ်ချိန်မှာ မိဘတွေကို အချိန်လေးပေးလိုက်ပါဆိုပြီး ခုလိုဖော်ပြထားပါတယ်။

” ဒီနေ့ စနေနေ့ ဆိုတော့ ..ချစ်ရသူတွေအတွက် အလုပ်တွေ အရမ်းမများလောက်ဘူး .. မိဘတွေ နဲ့ အတူတူနေ (တမြို့ထဲနေ) တယ်ဆိုရင် ..မိဘတွေ ကို အချိန်လေး ပေးလိုက်ပါနော် မိဘတွေ အတွက် ဒီချိန်လေး က ဘယ်လောက်ကြည်နှုးနေကြတယ် ဆိုတာ အပြုံးတွေနဲ့ မျက်ဝန်းတွေ က ဖော်ကျူးနေတယ် ❤မိသားစု ကို တကယ်ချစ်ပါတယ် .. တခါတခါ ဘုဂလန့် လုပ်မိတာ က လွဲလို့ပါ ဖေကြီးနဲ့မေကြီး???” ဆိုပြီးပြောထားပါတယ်။

အေးမြတ်သူတို့ မိသားစု ပုံရိပ်လေး

ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ မိသားစု ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay