စိတ္ဓာတ္က်တာကို ကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔ အေကာင္းဆုံးနည္း (၅) သြယ္

ေခတ္ကာလအေနအထားအရ လူငယ္ေတြ၊ လူႀကီးေတြ အမ်ိဴးမ်ိဳး စိတ္ဓာတ္က်တဲ့အေၾကာင္းေတြ လူမႈကြန္ယက္ေတြမွာ ေတြ႕ေတြ႕ေနရပါတယ္။ အကယ္လို႔ ကိုယ့္ကိုယ္ကို စိတ္ဓာတ္က်ေနတယ္လို႔ ခံစားေနရရင္ ဘာပဲလုပ္စရာရွိေနရွိေန၊ ဘယ္ေလာက္ပဲအေရးႀကီးကိစၥ ရွိေနပါေစ၊ စိတ္ဓာတ္က်ျခင္းကေန အျမန္ဆုံးစြန႔္ခြာဖို႔ ႀကိဳးစားပါ။ စိတ္ဓာတ္က်တာက သူ႔ဘာသာ သူမထြက္သြားပါဘူး။ လုပ္ယူရမွာပါ။ အဲဒီအတြက္ စိတ္ဆရာဝန္တစ္ဦးေလ့လာထားတဲ့ စိတ္ဓာတ္က်မႈကို စြန႔္ခြာျခင္း အခ်က္(၅)ခ်က္ကို ပရိသတ္ႀကီးအတြက္ စိတ္ဓာတ္က်မႈေတြမရွိေအာင္ လိုက္နာက်င့္သုံးဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁ ) ေလ့က်င့္ခန္း လုပ္လိုက္ပါ။

ေတာ္ေတာ္မ်ားမ်ားက စိတ္ဓာတ္က်ၿပီဆိုရင္ ဘာမွမလုပ္ခ်င္ေတာ့ဘဲ ျဖစ္သြားတတ္ပါတယ္။ အဲ့လို အေျခအေနကေန ႐ုန္းထြက္ႏိုင္ဖို႔ ပထမဦးဆုံးေလ့က်င့္ခန္းတစ္ခု စလုပ္လိုက္ပါ။ စစခ်င္း (၁၅)မိနစ္နဲ႔ (၃၀)မိနစ္ၾကား လမ္းေလွ်ာက္တာ၊ စက္ဘီးစီးတာ၊ ကခုန္တာ စတာေတြကို လုပ္လိုက္ပါ။ ကိုယ္နဲ႔ အဆင္အေျပဆုံးလုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းကို ရွာေဖြႏိုင္သြားတဲ့အခါမွာ ေန႔တိုင္းေန႔တိုင္း အခ်ိန္မွန္မွန္ေလး ေပါ့ေပါ့ပါးပါးလုပ္ပါ။ ေကာင္းမြန္တဲ့ စိတ္ခြန္အားေတြရလာမွာပါ။ ေနာက္ေတာ့ တစ္ဆင့္ထပ္ျမင့္ရင္ ေအ႐ိုးဘစ္လိုေလ့က်င့္ခန္း၊ ေယာဂလိုေလ့က်င့္ခန္း ၿပီးရင္ တရားထိုင္တာစတာေတြကို တစ္ဆင့္ၿပီးတစ္ဆင့္တက္သြားပါ။ ဘယ္သူ႔အတြက္မွ မဟုတ္ဘူးေနာ္ ကိုယ့္အတြက္ကို လုပ္ရမွာပါ။

(၂ ) အစားေကာင္းေတြနဲ႔ ျပန္ၿပီးျပဳစုပါ။

စိတ္ဓာတ္က်ၿပီေဟ့ ဆိုတာနဲ႔ အစားစားခ်င္စိတ္ေပ်ာက္သြားတတ္ပါတယ္။ ဘာမွလည္းမစားခ်င္၊ အဲလိုျဖစ္ေနတတ္ပါတယ္။ တခ်ိဳ႕ကေတာ့ ေနမေကာင္း၊စိတ္ဓာတ္က်ရင္ ပိုစားတတ္ပါတယ္ (ဒါကေတာ့ခြၽင္းခ်က္ေပါ့ေနာ္)။ ဘာမွမစားေတာ့တာက စိတ္ခြန္အားျပန္လည္ျပည့္ၿဖိဳးေအာင္ ျဖည့္တဲ့ေနရာမွာ အဟန႔္အတားပါ။ အစားေကာင္းေကာင္းေလးေတြစားၿပီး ျပန္လည္တည္ေဆာက္ပါ။ ဥပမာ ေၾကးအိုးကိုတစ္ေယာက္တည္း တစ္ထိုင္တည္းဆြဲတာမ်ိဳးေပါ့။

(၃ ) ျပႆနာေတြကို အေျဖရွာပါ ဒါေပမဲ့ ဘယ္ေတာ့မွ အတူတူရွိမေနပါနဲ႔။

မင္းကို စိတ္ဓာတ္က်ေစတဲ့ အေၾကာင္းေတြက ဘာေတြလဲ။ ေငြေၾကးလား၊ ခ်စ္သူလား၊ လူမႈေရးလားစတဲ့ စိတ္ဓာတ္က်ေစတဲ့ အေၾကာင္းမွန္သမွ် ျပန္သုံးသပ္ပါ။ဘာကငါ့ကို ခံစားေနရတာလဲသိရင္ အရင္းႏွီးဆုံး နားလည္ေပးႏိုင္တဲ့သူငယ္ခ်င္းကို ရင္ဖြင့္ပါ။ မိဘေတြကိုတိုင္ပင္ပါ။ သူတို႔ဆီက နားလည္မႈေတြျပန္ရယူပါ။ ဘာပဲျဖစ္ျဖစ္ ရင္ဖြင့္ၿပီးရင္ ျပႆနာတိုင္းမွာအေျဖရွိတဲ့အတြက္ အေကာင္းျမင္စိတ္ကို ျပန္တည္ေဆာက္ပါ။ ဥပမာ ကိုယ္ခ်စ္တဲ့သူကထားသြားခဲ့ရင္ ငါဒီတိုင္းေလးခ်စ္ေနလို႔ရေသးတာပဲဆိုၿပီး အရင္ကလုပ္ဖို႔ေမ့ေလ်ာေနတဲ့ကိစၥေတြ (ခရီးတစ္ခုခုသြားတာမ်ိဳး)စတဲ့ ကိုယ့္အတြက္ စိတ္ခြန္အားျပန္ရေစမယ့္ အေျဖလိုမ်ိဳးအေကာင္းျမင္မႈေတြ စတင္ပါ။ ျပႆနာေတြကို တတ္ႏိုင္သမွ် ေဝးေဝးထားပါ။

(၄ ) ကိုယ့္ကိုယ္ကိုေဖာ္ျပပါ။

စိတ္ဓာတ္က်ရင္ လူတစ္ေယာက္ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ ေပ်ာ္႐ႊင္မႈအာ႐ုံေတြက ေပ်ာက္ကြယ္သြားတတ္ပါတယ္။ ကိုယ္ဖန္တီးႏိုင္တာကို ကိုယ္တိုင္သိၾကပါတယ္။ ေယာက်္ားေလးဆို ငယ္ငယ္ကေဘာလုံးကန္တာေတာ္တယ္၊ ႀကီးလာေတာ့အလုပ္ေတြနဲ႔ မကစားျဖစ္ေတာ့ဘူး၊ တခါတေလအဲ့လိုမ်ိဳးေလး အခ်ိန္ျပန္ေပးၿပီး ကေလးေတြနဲ႔ဝင္ကန္ၿပီး အစြမ္းျပန္ျပတာမ်ိဳး၊ (သို႔) မိန္းကေလးဆို ငယ္ငယ္က သားေရကြင္း ခုန္တာေတာ္တယ္၊ မကစားျဖစ္ေတာ့ေပမဲ့ ကိုယ္တိုင္ျပန္ၿပီး ကိုယ့္အစြမ္းျပန္ေဖာ္တာမ်ိဳး စတဲ့ ကိုယ့္လုပ္ႏိုင္စြမ္းေတြကို ျပန္လည္ေဖာ္ေဆာင္ပါ။ ကိုသားစစ္ေျပာသလို လူတိုင္းလူတိုင္းမွာ ေအာ္ရဂ်င္နယ္ နက္ထရယ္ ပင္ကိုယ္ဒီဇိုင္းကာလာအေနအထားဆိုတာရွိပါတယ္။ ကိုယ့္လုပ္ႏိုင္တာကို ေဖာ္ျပတာက အနည္းဆုံးေတာ့ ျပန္ၿပီးယုံၾကည္မႈရေစပါတယ္။

(၅ ) ေကာင္းတာေတြပဲေတြးပါ။

စိတ္ဓာတ္က်ရင္ ေတြးတာေတြက အဆိုးျမင္ေတြပဲမ်ားပါတယ္။ ေနာက္ဆုံးထိေတြးတာက ငါမရွိေတာ့ရင္ေကာင္းမယ္ဆိုတဲ့ အယုတ္ညံ့ဆုံးအေတြးပါ။ အဲလိုစိတ္ေတြ မဝင္လာေအာင္ ကိုယ္ဘာေတြးေတြး ေကာင္းတယ္ဆိုတာေတြပဲ (ဥပမာ ငယ္ငယ္တုန္းက ငါကအတန္းထဲမွာဆိုရင္ အနီအသင္းေခါင္းေဆာင္၊ ငါခိုင္းလိုက္ရင္ က်န္တဲ့သူေတြ တံျမက္စည္းလွည္းရတာ စတာမ်ိဳး) ေတြးပါ။ ဆိုရွယ္မီဒီယာရဲ႕ အဆိုးျမင္ေတြအကုန္ဖယ္ထုတ္ပါ။ စိတ္ဓာတ္က်တာသည္ ခဏေလးနဲ႔ ကုစားလို႔မရႏိုင္လို႔ ကိုယ့္ကို အဆိုးျမင္သည္ျဖစ္ေစ၊ ကိုယ္ကအဆိုးျမင္သည္ျဖစ္ေစ အကုန္လုံးကို စိတ္ရွည္ၿပီး ေကာင္းတာေတြပဲေတြးပါ။

Credit:MyanmarNote

Unicode

ခေတ်ကာလအနေအထားအရ လူငယ်တွေ၊ လူကြီးတွေ အမျိူးမျိုး စိတ်ဓာတ်ကျတဲ့အကြောင်းတွေ လူမှုကွန်ယက်တွေမှာ တွေ့တွေ့နေရပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရရင် ဘာပဲလုပ်စရာရှိနေရှိနေ၊ ဘယ်လောက်ပဲအရေးကြီးကိစ္စ ရှိနေပါစေ၊ စိတ်ဓာတ်ကျခြင်းကနေ အမြန်ဆုံးစွန့်ခွာဖို့ ကြိုးစားပါ။ စိတ်ဓာတ်ကျတာက သူ့ဘာသာ သူမထွက်သွားပါဘူး။ လုပ်ယူရမှာပါ။ အဲဒီအတွက် စိတ်ဆရာဝန်တစ်ဦးလေ့လာထားတဲ့ စိတ်ဓာတ်ကျမှုကို စွန့်ခွာခြင်း အချက်(၅)ချက်ကို ပရိသတ်ကြီးအတွက် စိတ်ဓာတ်ကျမှုတွေမရှိအောင် လိုက်နာကျင့်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁ ) လေ့ကျင့်ခန်း လုပ်လိုက်ပါ။

တော်တော်များများက စိတ်ဓာတ်ကျပြီဆိုရင် ဘာမှမလုပ်ချင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။ အဲ့လို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ပထမဦးဆုံးလေ့ကျင့်ခန်းတစ်ခု စလုပ်လိုက်ပါ။ စစချင်း (၁၅)မိနစ်နဲ့ (၃၀)မိနစ်ကြား လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ စတာတွေကို လုပ်လိုက်ပါ။ ကိုယ်နဲ့ အဆင်အပြေဆုံးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ရှာဖွေနိုင်သွားတဲ့အခါမှာ နေ့တိုင်းနေ့တိုင်း အချိန်မှန်မှန်လေး ပေါ့ပေါ့ပါးပါးလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်ခွန်အားတွေရလာမှာပါ။ နောက်တော့ တစ်ဆင့်ထပ်မြင့်ရင် အေရိုးဘစ်လိုလေ့ကျင့်ခန်း၊ ယောဂလိုလေ့ကျင့်ခန်း ပြီးရင် တရားထိုင်တာစတာတွေကို တစ်ဆင့်ပြီးတစ်ဆင့်တက်သွားပါ။ ဘယ်သူ့အတွက်မှ မဟုတ်ဘူးနော် ကိုယ့်အတွက်ကို လုပ်ရမှာပါ။

(၂ ) အစားကောင်းတွေနဲ့ ပြန်ပြီးပြုစုပါ။

စိတ်ဓာတ်ကျပြီဟေ့ ဆိုတာနဲ့ အစားစားချင်စိတ်ပျောက်သွားတတ်ပါတယ်။ ဘာမှလည်းမစားချင်၊ အဲလိုဖြစ်နေတတ်ပါတယ်။ တချို့ကတော့ နေမကောင်း၊စိတ်ဓာတ်ကျရင် ပိုစားတတ်ပါတယ် (ဒါကတော့ချွင်းချက်ပေါ့နော်)။ ဘာမှမစားတော့တာက စိတ်ခွန်အားပြန်လည်ပြည့်ဖြိုးအောင် ဖြည့်တဲ့နေရာမှာ အဟန့်အတားပါ။ အစားကောင်းကောင်းလေးတွေစားပြီး ပြန်လည်တည်ဆောက်ပါ။ ဥပမာ ကြေးအိုးကိုတစ်ယောက်တည်း တစ်ထိုင်တည်းဆွဲတာမျိုးပေါ့။

(၃ ) ပြဿနာတွေကို အဖြေရှာပါ ဒါပေမဲ့ ဘယ်တော့မှ အတူတူရှိမနေပါနဲ့။

မင်းကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းတွေက ဘာတွေလဲ။ ငွေကြေးလား၊ ချစ်သူလား၊ လူမှုရေးလားစတဲ့ စိတ်ဓာတ်ကျစေတဲ့ အကြောင်းမှန်သမျှ ပြန်သုံးသပ်ပါ။ဘာကငါ့ကို ခံစားနေရတာလဲသိရင် အရင်းနှီးဆုံး နားလည်ပေးနိုင်တဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ မိဘတွေကိုတိုင်ပင်ပါ။ သူတို့ဆီက နားလည်မှုတွေပြန်ရယူပါ။ ဘာပဲဖြစ်ဖြစ် ရင်ဖွင့်ပြီးရင် ပြဿနာတိုင်းမှာအဖြေရှိတဲ့အတွက် အကောင်းမြင်စိတ်ကို ပြန်တည်ဆောက်ပါ။ ဥပမာ ကိုယ်ချစ်တဲ့သူကထားသွားခဲ့ရင် ငါဒီတိုင်းလေးချစ်နေလို့ရသေးတာပဲဆိုပြီး အရင်ကလုပ်ဖို့မေ့လျောနေတဲ့ကိစ္စတွေ (ခရီးတစ်ခုခုသွားတာမျိုး)စတဲ့ ကိုယ့်အတွက် စိတ်ခွန်အားပြန်ရစေမယ့် အဖြေလိုမျိုးအကောင်းမြင်မှုတွေ စတင်ပါ။ ပြဿနာတွေကို တတ်နိုင်သမျှ ဝေးဝေးထားပါ။

(၄ ) ကိုယ့်ကိုယ်ကိုဖော်ပြပါ။

စိတ်ဓာတ်ကျရင် လူတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပျော်ရွှင်မှုအာရုံတွေက ပျောက်ကွယ်သွားတတ်ပါတယ်။ ကိုယ်ဖန်တီးနိုင်တာကို ကိုယ်တိုင်သိကြပါတယ်။ ယောကျ်ားလေးဆို ငယ်ငယ်ကဘောလုံးကန်တာတော်တယ်၊ ကြီးလာတော့အလုပ်တွေနဲ့ မကစားဖြစ်တော့ဘူး၊ တခါတလေအဲ့လိုမျိုးလေး အချိန်ပြန်ပေးပြီး ကလေးတွေနဲ့ဝင်ကန်ပြီး အစွမ်းပြန်ပြတာမျိုး၊ (သို့) မိန်းကလေးဆို ငယ်ငယ်က သားရေကွင်း ခုန်တာတော်တယ်၊ မကစားဖြစ်တော့ပေမဲ့ ကိုယ်တိုင်ပြန်ပြီး ကိုယ့်အစွမ်းပြန်ဖော်တာမျိုး စတဲ့ ကိုယ့်လုပ်နိုင်စွမ်းတွေကို ပြန်လည်ဖော်ဆောင်ပါ။ ကိုသားစစ်ပြောသလို လူတိုင်းလူတိုင်းမှာ အော်ရဂျင်နယ် နက်ထရယ် ပင်ကိုယ်ဒီဇိုင်းကာလာအနေအထားဆိုတာရှိပါတယ်။ ကိုယ့်လုပ်နိုင်တာကို ဖော်ပြတာက အနည်းဆုံးတော့ ပြန်ပြီးယုံကြည်မှုရစေပါတယ်။

(၅ ) ကောင်းတာတွေပဲတွေးပါ။

စိတ်ဓာတ်ကျရင် တွေးတာတွေက အဆိုးမြင်တွေပဲများပါတယ်။ နောက်ဆုံးထိတွေးတာက ငါမရှိတော့ရင်ကောင်းမယ်ဆိုတဲ့ အယုတ်ညံ့ဆုံးအတွေးပါ။ အဲလိုစိတ်တွေ မဝင်လာအောင် ကိုယ်ဘာတွေးတွေး ကောင်းတယ်ဆိုတာတွေပဲ (ဥပမာ ငယ်ငယ်တုန်းက ငါကအတန်းထဲမှာဆိုရင် အနီအသင်းခေါင်းဆောင်၊ ငါခိုင်းလိုက်ရင် ကျန်တဲ့သူတွေ တံမြက်စည်းလှည်းရတာ စတာမျိုး) တွေးပါ။ ဆိုရှယ်မီဒီယာရဲ့ အဆိုးမြင်တွေအကုန်ဖယ်ထုတ်ပါ။ စိတ်ဓာတ်ကျတာသည် ခဏလေးနဲ့ ကုစားလို့မရနိုင်လို့ ကိုယ့်ကို အဆိုးမြင်သည်ဖြစ်စေ၊ ကိုယ်ကအဆိုးမြင်သည်ဖြစ်စေ အကုန်လုံးကို စိတ်ရှည်ပြီး ကောင်းတာတွေပဲတွေးပါ။

Credit:MyanmarNote