ဦးနေဝင်းသာ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံရဲ့ စတုတ္တမြောက် သမ္မတ ဖြစ်လာမဲ့သူက ကချင်ခေါင်း ဆောင် ဆမား ဒူးဝါဆင်ဝါး နောင်

စာဘယ်လောက် ဖတ်လဲဆိုတော့ ရန်ကုန်ဆင်းပြီး စာအုပ်သွားဝယ်တာ ကချင်ပြည်ကို ရထားဆိုက်တော့ သူဝယ်လာတဲ့ စာအုပ်တွေက လှည်းနှစ်စီး တိုက်ရတယ်ဆိုပဲ ဒါပေမယ့် အတန်းပညာ မရှိဘူး လွတ်လပ်ရေးရပြီးတော့ သူ့ကို ပြည်နယ် ဥက္ကဌရာထူးအတွက် ဖောင်ဖြည့်ခိုင်းတယ် ပညာအရည်ချင်း ဆိုတဲ့နေရာမှာ ဖြည့်လိုက်တယ်” ခေသူမဟုတ် ” တဲ့ ဟုတ်တယ်လေ သူက ဘုန်းကြီးကျောင်းထွက် ဒါပေမယ့် ခေတဲ့ သူမဟုတ်ဘူး

သူကစက်မှုနိုင်ငံ အိပ်မက်ကို မက်တဲ့သူ စက်မှု နိုင်ငံ ထူထောင်နိုင်မှ မြန်မာပြည် ချမ်းသာမယ် ဒါက သူ့ခံယူချက် ဒါကြောင့် မြစ်ကြီးနားမှာ ကားတစ်စင်းကို သူဦးဆောင်ပြီး လုပ်တယ် အဲတုန်းက ကချင်ပြည်နယ် ဥက္ကဌဆိုတော့ အခုခေတ်လို ဆိုဝန်ကြီးချုပ်ပေါ့ သတင်းစာတွေမှာ ဆမားကြီးကား ဆိုပြီး ဂုဏ်ပြုရေးကြတယ် ဒါပေမယ့် လူတိုင်းက အကောင်းရေးတာ မဟုတ်ပါဘူး တစ်ချို့က ပျက်ချော်ချော်နဲ့ သရော်ကြတယ် အဲထဲမှာ ကာတွန်းဖေသိန်းလဲ ပါတာပေါ့ သူက ဘာလုပ်လဲဆိုတော့ဆမားကြီးကို ပျက်ပျက်ချော် သရော်ပြီး ကာတွန်းရေးတယ် အဲကာတွန်းက မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးမှာ ပါလာတယ်

ဆမားဒူဝါ ဆင်ဝါးနောင်က အဲခေတ်က ပြည်နယ် ဥက္ကဌဆိုတာ အခုခေတ်လိုဆို ပြည်နယ် ဝန်ကြီးချုပ်အဆင့်လောက်ပေါ့ သူအိပ်မက်ကို သောက်ခွက်လာပြောင်တဲ့ ကာတွန်းဆရာ ဖေသိန်းကို ဘာလုပ်ခဲ့တယ် ထင်လဲ အဲခေတ်က မြန်မာ့ အလင်းသတင်းစာ အယ်ဒီတာချုပ် ဦးသောင်းရွှေကို ဆက်သွယ်ပြီး ကာတွန်းဖေသိန်းကို ဆုငွေတစ်ရာပေးလိုက်တယ် ဘာလို့လဲဆိုတော့ သူ့ကားကို ထိထိမိမိ သရော်နိုင်လို့တဲ့ လေ အခုခေတ် ဝန်ကြီးချုပ်တွေလို သာဆို ကာတွန်း ဖေသိန်းတစ်ယောက် ငပိကြော် စားနေရပြီ ထင်တယ်။ စာကြွင်း ပင်လုံစာချုပ်ကိုလည်း ညိနိုင်းလို့ အဆင်မပြေဖြစ်ချိန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေကို ပြောဆိုစည်းရုံးနိုင်သူ ကချင်အမျိုးသားခေါင်းဆောင်ကြီးပါ

Credit-မန္တလေးသတင်းအကုန်သိရန်