ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီအစီး ၅၀၀ လှူမယ်လို့ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးဆီမှ ငွေလိမ်လည်မှုဖြစ်ပွား

အောက်တိုဘာလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတစ်ခုမှ စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်ဟုဆိုကာဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့ဆီမှ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်တွင် လိမ်လည်သူများမှ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေ၍ လျှော်ကြေးပေးရန် လက်တလောငွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုလာသောကြောင့် Wave Money ဖြင့် ငွေ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူများကို ဖုန်းဆက်သွယ်ရန်ကြိုးစားရာ ဖုန်းဆက်သွယ်မှုမရရှိတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး၏ပြောကြားချက်အရ သိရသည်။

Image result for စက်ဘီး (၅၀၀)

“ မနက် ၇ နာရီလောက်က အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိပဲ ပေါက်ခေါင်းအထက ကို စက်ဘီအစီးငါးရာလှူမယ်ပြောဆိုပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီးသယ်လာတဲ့ကားက လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားလို့ အရေးပေါ်ငွေလိုတယ်ဆိုပြီး Wave money နဲ့ငွေလွှဲခိုင်းလို့ တသိန်းခုနှစ်သောင်းကိုလွှဲပေးလိုက်ပြီး၊ ဒုတိယအကြိမ်ထပ်တောင်းတော့မှ ဒီလူတွေဟာလူလိမ်တွေမှန်းသိသွားတာပါ။” လို့ ဆရာကြီး ဦးဝင်းဌေးက ပြောပါတယ်။ယခုကဲ့သို့ အလိမ်ခံရမှုမျိုးထပ်မံမဖြစ်ပွားစေရန် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအား တိုင်း၊ ခရိုင်ပညာရေးမှူးရုံးများ၏ ခွင့်ပြုချက်မရပဲ လူပုဂ္ဂိုလ်တဦးကဖြစ်စေ၊ အဖွဲ့စည်းတခုကဖြစ်လာ လာရောက်လှူဒါန်းမှုများကို လက်မခံရန်ညွှန်ကြားသွားမှာဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံးမှသိရှိရသည်။

Credit-MON