အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါ ဆိုပြီး အမှန်တရားကို ပြောပြလာတဲ့ ဖြိုးပြည့်စုံ

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။
ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။

အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… ???

ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့  အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့  အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်  အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… ???

ဖြစ်တာက သတင်းပေးသူက အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့ လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန် ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့ ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ တဲ့ ???

သတင်းပေးသူကိုရော ဖမ်းတဲ့သူတွေကိုပါ တကယ် အကောင်းဖက်က လှည့်တွေးပေးကြရှာတယ် နောက်တစ်ချက် လေးစားသွားတာက ၃ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သံသယမဝင်ဘူး မင်းကြောင့်. ငါ့ကြောင့်ဆိုပြီး အပြစ်ပုံမချကြဘူး အချင်းချင်း မဟုတ်တာမလုပ်ဘူးဆိုတာ ယုံကြည်မှုရှိနေကြတယ်

ဖြိုးပြည့်စုံကတော့ ပြောရှာတယ် နေမကောင်းလို့အလုပ်တွေ ခဏနားမယ်ပြောထားတာ ပါးစပ်စီးသွားတာလားမသိဘူး တဲ့ အခု ဒီလိုပုံစံနဲ့ ဒီမှာ လာနားရတယ်လို့ပဲ သူ့စိတ်မှာ မှတ်ပါတယ်တဲ့??? ဝဋ်ရှိရင်တော့ ရှောင်လို့ ဘယ်ရမလဲ အစ်မရယ်တဲ့ ???

အားလုံးဝိုင်းပြီး ဆုတောင်းပေးနေပါတယ် မောင်လေးရေ… ?????? အမှန်တရားအစစ်အတိုင်း ဖြစ်ပါစေ??????

Credit-စွယ်စုံ

Be the first to comment

Leave a Reply

Your email address will not be published.


*