ပြောင်းဆန်တင် တွဲကားယာဉ်တိမ်းမှောက်၊ ကားအတွင်း ညှပ်နေသူကို ကယ်ဆယ်

June 1, 2020 Admin 0

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အာရှလမ်း၊ မိုင်တိုင်အမှတ် ၁၆၀-၁၆၁ ကြားမှာ ဒီနေ့မနက် ၈ နာရီလောက်က ပြောင်းဆန်တွေတင်ဆောင်လာတဲ့ တွဲကားယာဉ်တိမ်းမှောက်ပြီး ကားအတွင်းညှပ်နေသူတဦးကို မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ခဲ့ပါတယ်။ ကော့ကရိတ်ကနေ မြဝတီဘက် မောင်းနှင်လာတဲ့ တွဲကားယာဉ်ဟာ ဘရိတ်ပေါက်ပြီး လမ်းညာဘက်ခြမ်းကို တိမ်းမှောက်ခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ […]

ဆန္ဒပြသူများကို နယူးယောက် ရဲအရာရှိများ ဒူးထောက်တောင်းပန်

June 1, 2020 Admin 0

အမေရိကန်နိုင်ငံအတွင်း မြို့အတော်များများမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် စစ်တပ်ကို အမြန်တပ်ချနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောအပြီး ဆန္ဒပြပွဲတွေ ပိုပြင်းထန် လာခဲ့ပါတယ်။နယူးယောက်မြို့ ကွင်းစ်ရပ်ကွက်မှာ မေလ ၃၁ ရက်က ဆန္ဒပြ လူအုပ်အလယ်မှာ ရဲအရာရှိတွေက ဒူးထောက်တောင်းပန်ခဲ့လို့ လူအုပ်က ကောင်းချီးပေးခဲ့ကြပါတယ်။ သွေးစည်းကြောင်းပြသဖို့ ဆန္ဒပြသူတွေက ရဲတွေကို […]

အမေရိကန်တွင် ဆန္ဒပြလူအုပ်ထဲ လောင်စာဆီတင်ကား မောင်းဝင်၊ ဒရိုင်ဘာကို ဆွဲချရိုက်နှက်

June 1, 2020 Admin 0

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာပိုလစ်မြို့မှာ ဆန္ဒပြလူအုပ်ထဲကို လောင်စာ ဆီတင် ကုန်ကားတစီး မေလ ၃၁ ရက်က မောင်းဝင်သွားခဲ့လို့ ယာဉ်မောင်းကို ကားပေါ်က ဆွဲချ ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ထားရပါတယ်။ ယာဉ်မောင်းရဲ့ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ရပ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း […]

ကျပ် သိန်း ၁၅,၀၀၀ ထီဆုကြီးကို ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ရွာကြီးတောင်ရပ်ကွက်မှ ကလေးငယ် မောင်နှမနှစ်ဦး ဆွတ်ခူး

June 1, 2020 Admin 0

ကျပ် သိန်း ၁၅,၀၀၀ ထီဆုကြီးကို ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ရွာကြီးတောင်ရပ်ကွက်မှ ကလေးငယ် မောင်နှမနှစ်ဦး ဆွတ်ခူးသွားခဲ့ပါတယ် ————– ——— —————- ယနေ့ ဇွန်လ ၁ ရက်နေ့ တွင် ထွက်ပေါ်လာသည့် (၁၆)ကြီမ်မြောက်အောင်ဘာလေကျပ် ၁၀၀၀ တန် ထီဖွင့်ပွဲတွင် အမြင့်ဆုံးထီဆုကြီးဖြစ်သည့် ကျပ် သိန်း […]

မကွေးတိုင်းတွင် Mask မတပ်ဆင်ပါက Mask ၂ ခုကို ကျပ် ၂၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်

June 1, 2020 Admin 0

မကွေးတိုင်းဒေသကြီးအတွင်း လမ်းပေါ်တွေမှာသွားလာသူတွေ နှာခေါင်းစည်း Mask မတပ်ဆင်ပါက ဇွန်လ ၁ ရက်ကစလို့ Mask နှစ်ခုကိုကျပ် ၂၀၀၀ နှုန်းနဲ့ရောင်းချသွားမယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က” Mask တစ်ခုကို တစ်ထောင်ကျပ် နှုန်းဆိုပေမယ့် တစ်ခုတည်းဝယ်ယူလိုမရဘဲ ၂ ခုကို ၂၀၀၀ […]

ရှစ်ရက်အတွင်း မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၉၀၀၀ ကျော်ဝင်ရောက်

June 1, 2020 Admin 0

မြန်မာ- ထိုင်းနယ်စပ်အမှတ် (၂)ချစ် ကြည်ရေးတံတားမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသူနေ့စဉ် ၁၀၀၀ ကျော်ရှိပြီး မေ ၂၃ ရက်မှ မေ ၃၀ အထိ ၉၃၄၉ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ COVID-19 အရေးပေါ်ကာလကို ဇွန်လကုန်အထိ ရက်ထပ်တိုးလိုက်သည့် ထိုင်းနိုင်ငံတွင် အသွားအလာကန့်သတ်ခြင်းနှင့်ညမထွက်ရအမိန့်များကြောင့် အလုပ်ရုံစက်ရုံ […]

ပလက်ဝမြို့အနီးရှိ (အေအေ)အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်း သုံးခုနှင့် ကာကင်းစခန်းများအား တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီး သဇင်မြိုင်ရဲကင်းစခန်းအား အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော (အေအေ) အဖွဲ့နောက်သို့ လိုက်လံပိတ်ဆို့ နှိမ်နင်းနေ

June 1, 2020 Admin 0

ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသော ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ နေရာများတွင် အခိုင်အမာနေရာယူ၍ ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေး […]

အမေရိကန် မြို့တော် ၀ါရှင်တန်ဒီစီမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

June 1, 2020 Admin 0

အမေရိကန် သမ္မတအိမ်ဖြူတော် အနီးမှာ တနင်္ဂနွေနေ့ ညနေခင်း (မကြာခင် နာရီပိုင်းအတွင်းက) ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မြို့တော် ၀ါရှင်တန်ဒီစီတ၀ိုက်ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။မြန်မာစံတော်ချိန် တနလာင်္နေ့ နံနက်ခင်း အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ ညနေခင်းမှာ ၀ါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်အနီး ဆန္ဒပြခဲ့ကြပြီးနောက် ဒီစီမြို့တော်ဝန် Muriel Bowser က ညမထွက်ရအမိန့် […]

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့‌

June 1, 2020 Admin 0

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ဓာတ်ခွဲနမူနာယူ ရယူစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့‌ရဘူးလို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကို အတည်ပြု‌ပြောဆိုပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့ညကထုတ်ပြန်မယ့် ဓာတ်ခွဲနမူနာအ‌ဖြေစာရင်းမှာ ဓာတ်ခွဲနမူနာယူထားတဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေစာရင်းလည်း ပါတယ်လို့ ဆိုပါတယ်။တိုင်းဒေသကြီးကိုယ်စားလှယ်တွေအနေနဲ့မေ ၂၉ ရက် နေ့လယ်ပိုင်းက စတင်ကာ သတ်မှတ်ထားတဲ့ စမ်းချောင်းမြို့နယ်က […]